ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ


ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ
(မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉

မိုးမခစာအုပ်တိုက်ကနေ ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ ရာစု ဂျာနယ်လစ်ဇင် အမည်ရ စာအုပ် ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။ ဆိပ်ကမ်းသာစာပေကနေ တိုက်ရိုက် ဖြန့်ချိပေးလိုက်ပါတယ်။

''Journalism'' (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်ကို James Glan Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) က ရေးပါတယ်။ ဂျိမ်းစ်ဟာ ၁၉၄၈ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ဖွား အလာဘားမား (Albama) တက္ကသိုလ်က သတင်းနှင့် အချက်အလက်ဆိုင်ရာဌာန အငြိမ်းစား ပါမောက္ခ ဖြစ်ပါတယ်။ သူက လက်ရှိ (၂၀၁၈ လက်ရှိအနေအထားအရ) သတင်းရေးသားခြင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားနေဆဲ၊ ဝက်ဆိုက်သတင်းစာပညာကို သင်ကြားနေဆဲ သူတယောက်ဖြစ်ကာ စာရေးဆရာအဖြစ်နဲ့ ဂျေပရော့ဖ်
(JPROF) ဝက်ဆိုက်မှာ ရေးသားနေဆဲသူတယောက်ဖြစ်တယ်။

ယခုစာအုပ်က သက္ကရာဇ် ၂၀၁၁ ကထွက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၃ ခုနှစ်က ဖတ်ပြီးခဲ့တာပါ။ ဒီမှာတော့ ဂျိမ်းစ် အာဘော်အတိုင်း ရေးထားတာကို ဖြည့်စွက် ဘာသာပြန်ပေးထားတာပါ။ စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။ (ဂျူနီယာဝင်း)

လို့ စာအုပ်အမှာစာမှာ ဖော်ပြထားပါတယ်။ မိုးမခစာအုပ်တိုက်က ဒေါ်ခင်မျိုျးချစ်ရေး သတင်းစာလောက စာအုပ်ကို ထုတ်ဝေခဲ့ပြီး၊ ၂၀ ရာစုအစောပိုင်းနဲ့ အတိတ်သမိုင်းက သတင်းစာလောကကို ဒေါ်ခင်မျိုးချစ်စာအုပ်မှ လေ့လာနိုင်ပါတယ်။ ယခု (သူ့မြေးဖြစ်တဲ့) ဂျူနီယာဝင်းက ၂၁ ရာစု ဂျာနယ်လစ်ဇင်ကို ရှာဖွေ တင်ပြထားတာ ဖြစ်ပါတယ်။

အုပ်ရေ ၅၀၀၊ တန်ဖိုး ၃၀၀၀ ကျပ်နဲ့ မှာယူနိုင်ပါပြီ။
ဆက်သွယ်ရန် - ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄


Comments