ကမ်လူဝေး ● ငါတို့​ခေတ်​ရဲ့ ငါတို့မြို့


ကမ်လူဝေး ● ငါတို့​ခေတ်​ရဲ့ ငါတို့မြို့
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၉

နာမည်​မကြိုက်​လို့ စိတ်​​ကောက်​​နေတဲ့တံတား​ပေါ်
ရုပ်​ထုဟာမြင်းစီးပြီး မြို့ထဲဝင်​လာ
မြင်းခွာတချက်​အ​ပေါက်​မှာ
ချိုးငှက်​အ​သေ​တွေဟာ ​လေထဲမှာ
ထရိုဂျင်​မြင်းကို မြို့ထဲဘယ်​သူ​မောင်းသွင်းခဲ့သလဲ
ဒဏ်​ရာ​ဟောင်း​ပေါ် ဆားပက်​ မီးရှို့ပြီး​သောအခါ
ကမ္ဘာမ​ကြေသီချင်းသံ​တွေဟာ ကျယ်​​လောင်​စွာ။   
 
ကမ်​လူ​ဝေး

Comments