![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWR8sc8TWu6RvKCrPoIGJ5k6RMsUe0hyphenhyphenlD8zj4pFvpTlmR7DqTXOn5-WUIPQfvVtqCzup-Q-NQjPn9ongkzIHAEpNSz6VwOEpGEAH3QpW4G6G0IRwPu4_bZNDw28KFLpvpQ1OC3SBB6RU/s640/festival-poesie-2013-1.jpg)
ဖိုးရွှေညီမှိုင်း ● ရာဇဝင်
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၉
မနက်ဖြန် ဖြစ်လာမှာတွေကို
စောင့်မျှော်နေကြသူတွေနဲ့
မနက်ဖြန် ဖြစ်လာမှာတွေကို
ကြောက်ရွံ့နေကြသူတွေရဲ့
ဒရာမာ*ကြီးမှာ
သူရဲကောင်းက တယောက်တည်းလား
ချစ်ခြင်းတရားကို
ချစ်ရဲသူအားလုံးဟာ သူရဲကောင်း
မဟုတ်ဘူးလား ဒါဆို
မင်းလည်း တခြားကောင်တွေလိုပါပဲတဲ့
ယုံကြည်မှုကို ရူးသွပ်သူတွေနဲ့
ရူးသွပ်မှုကို ယုံကြည်သူတွေ
ကမ္ဘာလောကမှာ ...
တခုက ပျောက်ကွယ်နေပြီး
တခုက ရှိနေတယ်
မွန်မြတ်တဲ့ ကလေးတွေကို
ယုတ်ညံ့တဲ့ လူကြီးတွေ
ညာနေတဲ့ ရာဇဝင်ထဲ ...
____________________
ဖိုးရွှေညီမှိုင်း
၂၀၁၉
(မနက်ဖြန် ကမ္ဘာ့ ကဗျာနေ့အတွက်)
*ဒရာမာ ... drama
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၉
မနက်ဖြန် ဖြစ်လာမှာတွေကို
စောင့်မျှော်နေကြသူတွေနဲ့
မနက်ဖြန် ဖြစ်လာမှာတွေကို
ကြောက်ရွံ့နေကြသူတွေရဲ့
ဒရာမာ*ကြီးမှာ
သူရဲကောင်းက တယောက်တည်းလား
ချစ်ခြင်းတရားကို
ချစ်ရဲသူအားလုံးဟာ သူရဲကောင်း
မဟုတ်ဘူးလား ဒါဆို
မင်းလည်း တခြားကောင်တွေလိုပါပဲတဲ့
ယုံကြည်မှုကို ရူးသွပ်သူတွေနဲ့
ရူးသွပ်မှုကို ယုံကြည်သူတွေ
ကမ္ဘာလောကမှာ ...
တခုက ပျောက်ကွယ်နေပြီး
တခုက ရှိနေတယ်
မွန်မြတ်တဲ့ ကလေးတွေကို
ယုတ်ညံ့တဲ့ လူကြီးတွေ
ညာနေတဲ့ ရာဇဝင်ထဲ ...
____________________
ဖိုးရွှေညီမှိုင်း
၂၀၁၉
(မနက်ဖြန် ကမ္ဘာ့ ကဗျာနေ့အတွက်)
*ဒရာမာ ... drama
Comments